Thursday, November 21, 2013

5. DR လို့ခေါ်တဲ့ Direct referrals နဲ့ RR လို့ခေါ်တဲ့ rent referrals အကြောင်းလေးပါ။(ဖတ်ထားသင့်ပါတယ်။)

PTC မှာ referrals နှစ်မျိုးရှိပါတယ်။DR လို့ခေါ်တဲ့ direct referrals နဲ့ RR လို့ခေါ်တဲ့ rent referrals ပါ။DR အကြောင်းကို အရင်ပြောပါ့မယ်။DR ဆိုတာကတော့ ကိုယ့်လင့်ကနေတဆင့် ဆိုဒ်ကို မန်ဘာဝင်အောင်လုပ်ပေးရတာပါ။ကိုယ်ကဆိုဒ်ကို လူခေါ်ပေး၇တယ်ဆိုပါတော့။အဲဒီအတွက် ဆိုဒ်က ကိုယ့်ကို ရာခိုင်နှုန်းနဲ့ ပြန်ပြီးပေးပါတယ်။ကိုယ်ခေါ်ပေးတဲကလူက မန်ဘာဝင်ပြီး အလုပ်မလုပ်ရင်တော့ ဆိုဒ်ကဘာမှ ပြန်ပေးမှာမဟုတ်ပါဘူး။DR တစ်ယောက် နှစ်ယောက်လောက်ရှိရုံနဲ့တော့ သိပ်မသိသာပါဘူး။ကိုယ်က DR 100 လောက်သာရှာနိုင်မယ်ဆိုရင် အဲဒီလူတွေကလဲ ပုံမှန်အလုပ်လုပ်နေမယ်ဆိုရင် တစ်နေ့ကို 1 ဒေါ်လာနဲ့ အထက် နေ့စဉ်ရနိုင်ပါတယ်။အဲဒါဆိုရင်တော့ RR တွေငှားတဲ့ အခါ များများငှားနိုင်မှာပါ။DR များများရှာနိုင်တဲ့ သူကတော့ မြန်မြန်အောင်မြင်နိုင်တယ်ဆိုပါတော့။DR ရှာဖို့ကတော့ထင်သလောက်မလွယ်ပါဘူး။ကိုယ်သုံးနေတဲ့ အင်တာနက်လိုင်းမှာတော့ ကိုယ်က ဥပမာ probux မှာမန်ဘာဝင်ပြီးပြီဆိုပါတော့။
DR လိုချင်လို့ နောက်အီးမေးတစ်ခုနဲ့ နောက်အကောင့်တစ်ခုထပ်ဖွင့်လို့မရပါဘူး။အရင်ဖွင့်ထားတဲ့ အကောင့်ပါ ပြဿနာရှိနိုင်ပါတယ်။အင်တာနက်လိုင်း တစ်လိုင်းမှာ အကောင့် အများကြီးတော့ ဖွင့်လို့ရပါတယ်။ဒါပေမယ့် ဆိုဒ်မတူမှရမှာပါ။ကဲ DR အကြောင်းသဘောပေါက်လောက်ပြီထင်ပါတယ်။

RR အကြောင်းဆက်ရှင်းပါ့မယ်။
ပုံမှန်အားဖြင့် PTC မှာ RR တွေကို နဲနဲရ နဲနဲချင်း ငှားရတာပါ။အဲလိုနည်းနဲ့ RR တွေများအောင်စုရတာပါ။ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလိုနဲနဲစီငှားရင် RR တွေဆီက အမြတ်ပြန်မရနိုင်ပါဘူး။အရင်းတောင်အသည်းအသန်ပါပဲ။အဲဒီတော့ ပိုက်ဆံများများစုပြီးတော့မှ RR တွေကို တစ်ခါတည်းများများ ငှားပါ။များများငှားနိုင်လေကောင်းလေပါပဲ။ဒီဘလော့မှာ ကျနော် probux ဆိုဒ်ကို ဘာ့ကြောင့်အရင်တင်လဲဆိုတော့ probux မှာက RR တွေကို နဲနဲချင်းစီငှားလဲ အမြတ်ရနိုင်ပါတယ်။နောက်ပြီး ကျနော်အကြိုက်ဆုံး ဆိုဒ်လဲဖြစ်တဲ့အတွက် အရင်ဆုံးတင်ပေးတာပါ။
အဲဒီတော့ probux မှာ RR တွေကို နည်းနည်းချင်းစီ ငှားသွားပါ။ကဲ  ဒီလောက်ပါပဲ။တစ်ရက်မှာ ငှားထားတဲ့ RR တစ်ကောင် အမြတ်ရအောင်ဘယ်လောက်ကလစ်ရမလဲဆိုတာကိုတော့ နောက် post တွေမှာ တွက်ပြပါ့မယ်။
ကျေးဇူးတင်ပါတယ်...

No comments:

Post a Comment