Friday, November 22, 2013

6. neobux မှာကြောငြာကလစ်ပြီးငွေရှာကြရအောင်

PTC လောကမှာ neobux ဆိုတာ အောင်မြင်နေတဲ့ ဆိုဒ် တစ်ခုပါ။ဆိုဒ်သက်တမ်း 5 နှစ်အတွင်းမှာ ဘာပြဿနာမှမရှိပဲ အမှန်တကယ်ငွေပေးနေတဲ့ဆိုဒ်ပါ။ယုံကြည်စိတ်ချစွာနဲ့ main site အဖြစ် သုံးလို့ရပါတယ်။ကျနော်လဲ ဒီနေ့မှအကောင့် သစ်ပြန်ဖွင့်လိုက်တာပါ။အဟောင်းကတော့ သူများပေးလိုက်ပြီ။ကဲ ကျနော်နဲ့အတူ စပြီးကလစ်ကြရအောင်..မန်ဘာဝင်ဖို့အတွက် ပေးထားတဲ့ လင့်ကိုနှိပ်လိုက်ပါ။
http://www.neobux.com/?r=kozarni

မန်ဘာဝင်ပုံနဲ့ အသုံးပြုပုံ guide ကိုပုံနဲ့တကွ ရှင်းရှင်းလင်းလင်းဖော်ပြထားပေးပါတယ်။

ပုံ 1
ပေးထားတဲ့ လင့်ကိုနှိပ်လိုက်ရင် ပုံပါအတိုင်းမြင်ရပါလိမ့်မယ်။register ဆိုတာကိုနှိပ်လိုက်ပါ။

ပုံ 2
username မှာတော့ ကိုယ်သုံးမယ့် နာမည် ကိုဖြည့်ပါ။password 2 ခုကိုတော့အတူတူဖြည့်ရမှာပါ။ပြီးရင် ကိုယ်သုံးမဲ့ gmail ကိုဖြည့်လိုက်ပါ။paypal email နေရမှာတော့ paypal အကောင့်က မေးကိုဖြည့်ရမှာပါ။အောက်မှာ မိမိမွေးတဲ့ နှစ်ကိုဖြည့်ပါ။verification code ကိုတော့ ဘေးမှာပြထားတဲ့ စာလုံးတွေကို မှန်အောင်ပြန်ဖြည့်ရမှာပါ။ပြီးရင် အောက်က အကွက်သေးသေးလေးမှာ အမှန်ခြစ်လိုက်ပါ။အားလုံးပြီးရင်တော့  continue ကိုနှိပ်လိုက်ပါ။အဲဒါဆိုရင်တော့ neobux ကကိုယ့်ရဲ့ gmail ထဲကို အီးမေးတစ်ခုပို့ထားပါလိမ့်မယ်။gmail ထဲသွားပြီး neobux ကပို့ထားတဲ့ မေးကိုဖွင့်လိုက်ပါ။

ပုံ 3
မျှားပြထားတဲ့နေရာက code ကို copy လုပ်ပြီး neobux ဖွင့်ထားတဲ့ tab ကိုပြန်သွားလိုက်ပါ။

ပုံ 4
copy လုပ်ထားတဲ့ code ကို ဖြည့်လိုက်ပါ။verification code မှာတော့ ဘေးကပြထားတဲ့ အတိုင်းမှန်အောင်ဖြည့်လိုက်ပါ။ပြီးရင်တော့ finish registeration ကိုနှိပ်လိုက်ပါ။
congratulations ဆိုပြီးစာတွေပေါ်လာပါလိမ့်မယ်။အကောင့်လျှောက်တာပြီးဆုံးသွားပါပြီ။log in ကိုနှိပ်လိုက်ပါ။

ပုံ 5

log in ၀င်တဲ့နေရာမှာ secondary password ဆိုတဲ့နေရာမှာ ဘာမှမရေးပါနဲ့။ကျနောတို့က secondary password ကို မဖြည့်ထားတဲ့အတွက်ကြောင့်ပါ။ပြီးရင် send ကိုနှိပ်ပါ။

ပုံ 6
ဖွင့်ထားတဲ့ အကောင့်ထဲရောက်ပါပြီ။main balance ထဲမှာတော့ ခုမှစဖွင့်တဲ့အတွက် 0.00 ပဲတွေ့ရမှာပါ။ကြော်ငြာတွေကလစ်ဖို့ မျှားပြထားတဲ့ နေရာကိုနှိပ်ပါ။

ပုံ 7
ကြော်ငြာကြည့်ဖို့အတွက်အပြာရောင် ဘားကိုနှိပ်လိုက်ပါ။အနီရောင် အစက်လေးပေါ်လာရင် နှိပ်လိုက်ပါ။tab အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်။

ပုံ 8
ပုံမှာပြထားတဲ့အတိုင်း အောင်ခြေက အ၀ါရောင်တန်းလေးကို ပြည့်အောင်စောင့်လိုက်ပါ။ပြည့်သွားရင်တော့ ကြော်ငြာကြည့်ခြင်းပြီးဆုံးပါပြီ။close ကိုနှိပ်ပြီး page ကိုပိတ်လိုက်ပါ။နောက်ကြော်ငြာတွေကိုလဲ ဒီနည်းအတိုင်း ပဲကုန်အောင်ကြည့်လိုက်ပါ။neobux မှာထူးခြားတာကတော့ ကြော်ငြာတွေကို တစ်နေ့ 2 ကြိမ်ခွဲပြီး ချပေးပါတယ်။မနက်ပိုင်း တစ်ကြိမ် ညပိုင်းတစ်ကြိမ် ကလစ်ရပါတယ်။ကျနော်ကတော့ ဒီနေ့ 2 ကြိမ်ကလစ်လိုက်တာ 0.046$ ရပါတယ်။

ကဲကျနော်လည်း ခုမှပြန်စလုပ်တာဆိုတော့ RR တွေငှားလို့မရသေးပါဘူး။RR တွေငှားလို့ရရင်တော့ ဒီပို့စ်ကို edit လုပ်ပြီးထပ်တင်ပေးပါ့မယ်။အဆင်ပြေပါစေဗျာ...

1 comment:

  1. 0.046$က မြန်မာငွေနဲ့ ဘယ်လောက်ရှိမလဲ pls ...

    ReplyDelete