Monday, November 25, 2013

8. အားလုံးသိချင်နေတဲ့ RR တွက်နည်းလေးပါ။

ဒီ post ကိုတော့ ကျနော်နောက်မှအေးအေးဆေးဆေးတင်မယ်လို့ စိတ်ကူးထားတာပါ။ဒါပေမယ့် ကျနော့ကိုလာမေးနေတဲ့သူတွေကများတော့အခြေအနေအရ မြန်မြန်တင်ဖြစ်သွားတာပါ။PTC မှာကလစ်နေတဲ့သူတိုင်း RR တွေရဲ့ အရှုံးအမြတ်လေးတော့ သိချင်မှာပါ။သိလဲသိသင့်ပါတယ်။ခုတော့ ကျနော် တွက်နည်းလေးကိုပဲ အရင်တင်ပေးမှာပါ။အောက်မှာ nerdbux ကိုအခြေခံပြီးတွက်ပြထားတာပါ။
ပထမဆုံးအနေနဲ့ RR တစ်ကောင်ရဲ့  ကလစ် 1 ချက်တန်ဖိုးကိုသိထားရမှာပါ။အဲဒါကိုဘယ်လို ကြည့်ရမလဲဆိုတော့ အလွယ်ဆုံးဖြစ်တဲ့ နည်းကိုပြောပါ့မယ်။


1.  RR တွေရဲ့ ၀င်ငွေကို RR ကလစ်အရေအတွက်နဲ့စားလိုက်ပါ။RR ကလစ် 1 ချက်တန်ဖိုးကို ရပါလိမ့်မယ်။

ပုံမှာ ပြတဲ့အတိုင်းဆို 3.0180$ ကို 5950 နဲ့စားရမှာပါ။အဖြေက 0.0005 ရပါတယ်။အဲဒါ RR 1 ချက်တန်ဖိုးပါ။
2.  RR တစ်ကောင်ကို ငှားရင် 1 လအတွက် 0.2 $ ပေးရပါတယ်။အဲဒီတော့ 0.2$ ပြန်ရဖို့RR
    1ကောင်ကတစ်လကို အရေအတွက်ဘယ်လောက် ကလစ်ရမလဲ သိဖို့လိုပါတယ်။

    RR ငှားရတဲ့ တန်ဖိုး 0.2$ ကို RR ကလစ်တစ်ချက်တန်ဖိုး 0.0005$ နဲ့စားလိုက်ပါ။အဖြေက 400
    ရပါတယ်။သဘောက RR တစ်ကောင်ဟာ 1 လမှာ 400 ကလစ်ရင် 0.2$ ပြန်ရပါတယ်။(အရင်း
    ပြန်ရတယ်ပေါ့)

3. 1 လမှာ 400 ဆိုတော့ တစ်နေ့မှာဘယ်လောက်ကလစ်ရမလဲသိချင်မှာပဲ။ သိချင်ရင် 400 ကို 30 နဲ့
   စားလိုက်ပါ။အဖြေ က 13.33 ရပါတယ်။အဲဒီတော့ RR တစ်ကောင်ဟာ တစ်နေ့ကို 13
   ချက်ကျော်ကျော် ကလစ်မှ အရင်းပြန်ရမှာပါ။13 ချက်မပြည့်ရင် ရှုံးပြီး 13 ချက်ကျော်ရင်တော့မြတ်တာ
   ပေါ့။တနေ့ 13 ချက်ဆိုတော့ avg လဲ 13 ပါပဲ။
ဒါက nerdbux မှာ standard မန်ဘာကိုတွက်ပြထားတာပါ။

goldenclix မှာတွက်ထားတာကို ထပ်ကြည့်လိုက်ပါဦး။
အပေါ်ကအတိုင်းပဲ RR တွေရဲ့ ၀င်ငွေကို RR ကလစ်အရေအတွက်နဲ့စားလိုက်ပါ။RR ကလစ် 1 ချက်တန်ဖိုးကို ရပါလိမ့်မယ်။
အဲဒီတော့ 2.9974 အစား 2141 ဆိုတော့ 0.0014 ရပါတယ်။RR ကလစ် 1 ချက်တန်ဖိုးက 0.0014$ ပါ။
goldenclix မှာ RR ငှားရင် RR 1 ကောင်ကို 0.15$ နှုန်းကျပါတယ်။အဲဒီတော့ 0.15$ ကို 0.0014 နဲ့စားပါ။အဖြေက 107 ပါ။
အဲဒီတော့ RR တစ်ကောင်ဟာ 1 လကို 107 ချက်ကလစ်ရင် 0.15$ ပြန်ရပါတယ်။
တစ်နေ့စာသိချင်ရင်တော့ 107 ကို 30 နဲ့စား 3.56 ရပါတယ်။အဲဒီတော့ တစ်နေ့ကို 3 ချက် 4 ချက်လောက်ကလစ်ရပါမယ်။2 ရက်ကို 7 ချက်ရရင် goldenclix မှာအရင်းပြန်ရပါတယ်။avg ကလဲ 3.6 ပါပဲ။
ကဲဒီလောက်ဆိုရင် RR တစ်ကောင် တစ်နေ့ ဘယ်နှချက်ကလစ်ရင် အရင်းရမလဲဆိုတာ တွက်လို့ရမယ်ထင်ပါတယ်။ကျနော်သတိပေးချင်တာက RR တွေကိုနဲနဲချင်းစီ မငှားပါနဲ့။standard အဆင့်မှာအမြတ်မရနိုင်လို့ပါ။တချို့ဆိုဒ်တွေတော့ နဲနဲချင်းငှားလဲ မြတ်ပါတယ်။ကျနော်သိသလောက်ကတော့ probux နဲ့ neobux ပါ။ဒါဟာလဲ လူတိုင်းမြတ်ချင်မှမြတ်မှာပါ။probux လိုဆိုဒ်မျိုးကျတော့ RR တွေရဲ့ ကလစ်အရေအတွက်ပဲ my account မှာပြပါတယ်။RR တွေရဲ့ ၀င်ငွေကိုပြမထားပါဘူး။အဲလိုဆိုဒ်မျိုးကြတော့ RR ကလစ်တစ်ချက်တန်ဖိုးကိုကြည့်ရပါမယ်။ဘယ်မှာကြည့်ရမလဲဆိုတော့ upgrade ကိုနှိပ်လိုက်ပါ။
RR ကလစ် 1 ချက်တန်ဖိုးက 0.005$ ပါ။   
 RR တွေက fixed advertisements ဆိုတဲ့ အ၀ါရောင်ကြော်ငြာတစ်ခုကို နှိပ်ရင် ကိုယ်က 0.005 ရပါမယ်။probux မှာတော့ အဲလိုကြော်ငြာမျိုး 4 ခုပေးထားပါတယ်။ကလစ်တစ်ချက်တန်ဖိုးကိုသိရင် အပေါ်မှာ တွက်ပြထားတဲ့ အတိုင်း တွက်ကြည့်လိုက်ပါ.....
RR တွက်နည်းတွေအမျိုးမျိုးရှိပါတယ်။ဒီနည်းကတော့ လွယ်လိမ့်မယ်လို့ထင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်....

5 comments:

  1. ခင်ဗျားပြောသလိုတွက်ကြည့်တော့ ရှုံးနေသလိုပဲ ဂိုးဒင်းကလစ်မှာ။ အဲဗရေ့က ၂လောက်ပဲရှိတယ်။ ဒါဆိုဘယ်လိုလုပ်ရမှာလဲဆရာ။ အာအာမ၀ယ်ဘဲထားလိုက်ရမှာလား

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ပထမဦးဆုံးပြောချင်တာက ကျနော် ကဆရာမဟုတ်ပါဘူး။လေ့လာနေဆဲပါပဲ။ဒုတိယကတော့ RR ဆိုတာဝယ်ရတာမဟုတ်ပါဘူး ငှားရတာပါ။ဆိုဒ်တိုင်းမှာ RR တွေကို နဲနဲချင်းငှား ရင် အမြတ်မရနိုင်ပါဘူး။standard မန်ဘာအတွက် အမြတ်ရတဲ့ဆိုဒ် ကရှားပါတယ်။probux နဲ့ neobux ကတော့အမြတ်နဲနဲ ရနိုင်ပါတယ်။ဒါကလဲလူတိုင်းတော့ မဟုတ်ပါဘူး။အဲဒီတော့ RR တွေကို မငှားပါနဲ့။ပိုက်ဆံထုတ်ဖို့ပြည့် ရင်ထုတ်လိုက်ပါ။စုထားပါ။ပြီးရင် main site မှာရင်းလိုက်ပါ။နဲနဲလေးနဲ့ ရင်းရင်လဲ ရှုံးမှာပဲ။RR တွေကို စီမံခန့်ခွဲလို့ရပေမယ့် goldenclix မှာတော့ဘယ်လိုလုပ်လုပ် ရှုံးမှာပဲ။အဲတော့ ပိုက်ဆံပဲထုတ်လိုက်ပါ။ဒီအကြောင်းတွေကို ကျနော် post တစ်ခုအနေနဲ့ တင်ပေးဦးမှာပါ။ခုတော့ အချိန်သိပ်မရသေးလို့ မတင်ဖြစ်သေးတာပါ။လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

      Delete
  2. probux & neobux မှာတွက်တာမရဘူးဖြစ်နေတယ်အကို။

    ReplyDelete
    Replies
    1. ဟုတ်ပါတယ် ကိုဝင်းသူရ probux နဲ့ neobux မှာတော့ RR ကလစ်တချက်တန်ဖိုးကို အလွယ်တကူတွက်မရပါဘူး။သတိထားပြီးတော့ တွက်ကြည့်လို့ရပါတယ်။အကို့အနေနဲ့ ဒီနေ့ ရတဲ့ပိုက်ဆံကို ညအိပ်ခါနီးမှာ စာရွက်မှာရေးမှတ်ထားလိုက်ပါ။ပြီးတော့ ကလစ်အရေအတွက်လဲ မှတ်ထားလိုက်ပါ။မနက်ဖြန်မှာတော့ ဘာကြော်ငြာမှ မကြည့်သေးပဲနဲ့ တိုးလာတဲ့ ကလစ်အရေအတွက်နဲ့ ပိုက်ဆံကိုကြည့်လိုက်ပါ။(ဥပမာ ကလစ်အရေအတွက်က 10 ချက်တိုးလာဆိုပါစို့။main balance မှာလဲ 0.05 တိုးလာတယ်ဆိုပါစို့။)အဲဒါဆိုရင်တော့ RR ကလစ်တစ်ချက်တန်ဖိုးကို တွက်လို့ရမယ်ထင်ပါတယ်။
      နောက်ပြီး probux နဲ့ neobux မှာက RR ကလစ်တစ်ချက်တန်ဖိုးကို သွားကြည့်လို့ရပါတယ်။upgrade ကိုနှိပ်ပြီးကြည့်လိုက်ပါ။တေါ့ရပါတယ် ခင်ဗျာ....
      လာရောက်အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...

      Delete
    2. ကျနော့ post မှာလဲ RR ကလစ်တစ်ချက်တန်ဖိုးကို ကြည့်ရမယ့်နေရာ ပြထားပါတယ်။

      Delete