အွန်လိုင်းမှာ ပိုက်ဆံရှာသူတွေအတွက် paypal အကောင့်တစ်ခုတော့ မဖြစ်မနေလိုအပ်ပါတယ်။paypal အကောင့်ရှိမှ ကိုယ်ရှာလို့ရတဲ့ပိုက်ဆံကို ထုတ်ယူလို့ရမှာပါ။paypal ထဲကပိုက်ဆံကိုတော့ verify ဖြစ်ထားတဲ့ သူတွေက ဘဏ်ထဲကို တိုက်ရိုက်ထုတ်ယူနိုင်ပါတယ်။verify မဖြစ်သေးတဲ့သူတွေကလဲ paypal ထဲကပိုက်ဆံကို ချိန်းပေးတဲ့ money changer တွေကနေတဆင့် လဲနိုင်ပါတယ်။(ထိုင်းကလူတွေအတွက်တော့နောက်ပိုင်းမှာ ကျနော် လဲပေးဖို့တော့ အစီအစဉ်ရှိပါတယ်။)
paypal အကောင့် လျှောက်နည်းလေးကြည့်လိုက်ရအောင်..
ကျနော်ကတော့ mozilla firefox နဲ့ ၀င်လိုက်တဲ့ အတွက် ဒီလိုစပေါ်လာပါတယ်။ဒီလင့်လေးကနေ၀င်လိုက်ပါ။
paypal.com
ပုံ 1 ကိုကြည့်ပါ။
1. country of region မှာ thailand ကိုရွေးလိုက်ပါ။(paypal ကမြန်မာနိုင်ငံကိုတော့ ဖွင့်ခွင့်မပေးသေးပါဘူး)
2. language မှာတော့ english လို့ရွေးလိုက်ပါ။ပြီးရင် select ကိုနှိပ်လိုက်ပါ။
ပုံ 2 ကိုဆက်ကြည့်ပါ။
အကောင့် သစ် လုပ်ဖို့ sign up ကိုနှိပ်လိုက်ပါ။
ပုံ 3 ကိုဆက်ကြည့်ပါ။
မျှားပြထားတဲ့ နေရာက get started ကိုနှိပ်လိုက်ပါ။
ပုံ 4
ပုံမှာပြထားတဲ့အတိုင် ပေါ်မှာတော့ gmail နဲ့ password ဖြည့်ရမှာပါ။first name နဲ့ last name ဖြည့်တဲ့အခါမှာ နာမည်ရှေ့က ko တွေ ma တွေပါလို့မရပါဘူး။သင့်ရဲ့ passport နဲ့ bank အကောင့်ထဲက နာမည်နဲ့ အတူတူဖြည့်ရပါတယ်။(ဥပမာ passport မှာ zarni tun ဆိုရင် first name နေရာမှာ zarni ကိုဖြည့်ပြီးတော့ last name နေရာမှာတော့ tun ကိုဖြည့်ရမှာပါ)passport နဲ့ bank အကောင့်ထဲကနာမည်နဲ့ paypal ထဲကနာမည် မတူခဲ့ရင် paypal ထဲကပိုက်ဆံကိုသင့်ဘဏ်အကောင့်ထဲ လွှဲထည့်လို့ရမည်မဟုတ်ပါ။မြန်မာက လူတွေကတော့ နာမည်အရင်းကိုပဲဖြည့်ထားပါ။နောင်တစ်ချိန် paypal ကမြန်မာနိုင်ငံကို သုံးခွင့်ပေးလာတဲ့အခါမှာ နာမည်အရင်းနဲ့ဆိုတော့ ပြဿနာမရှိနိုင်ဘူးပေါ့။အနီရောင်အကွက်ထဲက စာတွေကိုတော့ ပြထားတဲ့အတိုင်းပဲဖြည့်ရမှာပါ။
nationality အောက်ကအကွက်မှာ thailand ကိုရွေးလိုက်ပါ။
adress အောက်မှာ thailand လို့ရေးပါ။
adress continued အောက်မှာ maesot လို့ရေးပေးလိုက်ပါ။
city/district အောက်မှာ tak လို့ရေးပေးလိုက်ပါ။
province အောက်မှာတော့ tak ကိုပဲ ရွေးပေးလိုက်ပါ။
postcode မှာ 63110 လို့ဖြည့်ပေးလိုက်ပါ။
ဖုန်နံပါတ်ကတော့ မြန်မာကဖွင့်တဲ့ သူတွေဆိုရင် 0805185672 ကျနော့ဖုန်းနံပါတ်ကိုပဲဖြည့်လိုက်ပါ။
အားလုံးပြီးရင်တော့ အောက်ဆုံးက Agree and Creat Account ဆိုတာလေးကိုနှိပ်လိုက်ပါ။
ပုံ 5
ပေးထားတဲ့ စာလုံးတွေကို မှန်အောင်ရေးရမှာပါ။ပြီးရင် continue ကိုနှိပ်လိုက်ပါ။
ပုံ 6
ဒီမှာတော့ ဘာမှမနှိပ်ပဲ go to account ကိုသာနှိပ်ပါ။
ပုံ 7
ဖွင့်ထားတဲ့ အကောင့်ထဲရောက်ပါပြီ။ဒါပေမယ့် confirm မဖြစ်သေးပါ။ကိုယ့်ဆီကို အီးမေးပို့ထားပါလိမ့်မယ်။ကိုယ်ဖြည့်လိုက်တဲ့ gmail ကိုဖွင့်လိုက်ပါ။
ပုံ 8
paypal ကပို့လိုက်တဲ့ မေးလ်ကိုဖွင့်လိုက်ပါ။မြှားပြတဲ့ နေရာလေးကို နှိပ်လိုက်ပါ။
ပုံ 9
ဒါကတော့ paypal မှာဖြည့်ထားတဲ့ password ကို ဖြည့်ပြီး login ကိုနှိပ်လိုက်ပါ။
ပုံ 10
security မေးခွန်းလေးတွေရွေးပြီး ဖြေပေးလိုက်ပါ။ဘယ်လိုလုပ်ရမလဲ မသိသေးတဲ့ သူတွေအတွက်တော့ ပုံမှာကြည့်လိုက်ပါ။သတိထား၇မှာ တစ်ခုက security နဲ့ ဆိုင်တဲ့ အတွက် မေးခွန်းနဲ့ အဖြေလေးတွေကို မေ့လို့မဖြစ်ပါဘူး။မှတ်ထားရမှာပါ။ပြီးရင် မျှားပြတဲ့နေရာကိုနှိပ်ပါ။
ပုံ 11
ဒီမှာတော့ go to account ကိုပဲ နှိပ်လိုက်ပါ။ကျန်တာဘာမှမနှိပ်လိုက်ပါနဲ့။
ပုံ 12
ဒါဆိုရင်တော့ မိမိဖွင့်ထားတဲ့ paypal အကောင့် သုံးလို့ရပါပြီ။သင်တို့ကတော့ ခုမှစဖွင့်တာဖြစ်တဲ့ အတွက် paypal balance မှာ $0.00 လို့ပြနေပါလိမ့်မယ်။ကျနော့အကောင့်မှာတော့ $2.13 ရှိနေပါတယ်။မျှားပြထားတာကတော့ verified ဖြစ်ထားတဲ့အတွက် verified လို့ပြနေတာပါ။verified မဖြစ်သေးတဲ့ အကောင့်ဆိုရင်တော့ Get Verified လို့ပြပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ....
မရှင်းတာရှိရင် comment ထားခဲ့လိုက်ပါ။ကျနော် ပြန်ရှင်းပြထားပါ့မယ်။
အကိုထိုင်းကနေPaypalကို verified ဖြစ်အောင်လုပ်နည်းလေးပြောပြပါအုန်းဗျ။
ReplyDelete